ကိုလေးငယ်. Powered by Blogger.

free online radio တစ်ခုကို တည်ဆောက်ကြမယ်

သူများတွေလို ဒီဂျေ လုပ်ပြီး ကိုယ်တိုင် online radio လုပ်ချင်တဲ့ သူတွေ အတွက် တစ်ပြားမှ မကုန်ပဲfree online radio တစ်ခု ရအောင် လုပ်ကြရအောင်ဗျာ..
အချိန်လေး နည်းနည်း ပေးလိုက်ပြီး အာရုံလေး နည်းနည်း စိုက်ပေးလိုက်ရအောင်ဗျာ...


အရင်ဆုံး ကျွန်တော်ပြောတဲ့ လင့်ခ်လေးမှာ အကောင့် ဖောက်လိုက်ပါဗျာ..
၁. http://freeshoutcast.com/
၂.http://listen2myradio.com/index.php
အဲ့ဒီ နှစ်ခုထဲက ကြိုက်တဲ့ လင့်ခ် တစ်ခုခုကို ကလစ်ပြီး အကောင့် ဖောက်လိုက်ပါ...
ကျွန်တော်ကတော့ Freeshoutcast.com ကပဲ ဖောက်လိုက်တယ်ဗျာ..
အောက်က ပုံလေးကို ကြည့်လိုက်ပါ...

ပုံထဲမှာ Free ဆိုပြီးတော့ အောက်မှာ လက်ထောက်ထားတဲ့ Take It လေးကို ကလစ်ပေးလိုက်ပါ...
နောက်ထပ် ပုံ တစ်ခုကို ထပ်ကြည့်ပါ...

Register လုပ်ရမယ့် နေရာကို ရောက်သွားပါမယ်..
ကွက်လပ်ထဲမှာ ဖြည့်ရမယ့် အချက်အလက်တွေ ကို ဖြည့်ပြီးတော့
အောက်ဆုံးက register ကို ကလစ်ပေးလိုက်ပါ...
နောက်ထပ် ပုံတစ်ခု ကို ထပ်ကြည့်ပါဦး ....
ဟော.. register လုပ်တာ အဆင်ပြေသွားပါပြီ..
ကျွန်တော် မျှားပြထားတဲ့ နေရာကို ကလစ်ပြီးတော့
Cpanel ထဲ ၀င်လိုက်ပါ...
အောက်က ပုံကို ဆက်ပြီး ကြည့်ပါဦး ....

အပေါ်က ပုံလေးက ကျွန်တော့်ရဲ့ admin panel ပါ..အဲ့ဒီထဲက IP , password နဲ့ username တို့ကို မြင်ရမှာပါ...ကိုယ့်ရဲ့ ရေဒီယို လင့်ခ်ကို သွားချင်ရင် အပေါ်နားလေးမှာ Web player ဆိုတာကို ကလစ်ပေးလိုက်ပါ
ကိုယ့် ရဲ့ ရေဒီယို လင့်ခ်ကို ရောက်သွားပါလိမ့်မယ်...
ကဲ အဲ့ဒီ အဆင့်ပြီးရင် တော့ လိုအပ်တာလေးတွေ ဒေါင်းရအောင်ဗျာ...
အောက်က လင့်ခ် လေးမှာ ကျွန်တော် ပေးထားတဲ့ ဆော့လ်ဝဲလေးကို ဒေါင်းလော့ဒ် ဆွဲလိုက်ပါ...
Download Winamp player and Plug in
ဒေါင်းလော့ဒ် ဆွဲပြီးရင် Rar ဖိုင်ထဲက winamp player နဲ့ shoutcast-dsp-2-2-1-windows တို့ကိုinstall လုပ်ထားလိုက်ပါ.......မေ့တော့မလို့.... winamp player ကို အရင် install လုပ်ပါ...ပြီးမှ
SHOUTcast ကို install လုပ်ပါ... SHOUT cast ကို အရင် install လုပ်လို့ မရပါဘူး..
ကဲ ....... အားလုံးပြီးရင် winamp player နဲ့ ခုနက ကျွန်တော်တို့ signup လုပ်ထားတဲ့
free online radio ကို connect ချိတ် ရအောင်ဗျာ...
winamp player ကို ဖွင့်ပြီး Options ----->preferences(ctrl+p)----->DSP/Effect ----->
Nullsoft SHOUTcast Source DSP v-2-2-1(dsp_sc.dll) ထိ အရောက်သွားလိုက်ပါ...
အဆင်မပြေရင် အောက်က ပုံတွေ ကို ကြည့်ပြီး လုပ်ကြည့်လိုက်ပါ...

အပေါ်ပုံထဲမှာ လို မျှားပြထားတဲ့ နေရာကို သွားလိုက်ပါ.. select ပေးပြီးတော့ အောက်က Configure active  plug-in ကို ကလစ်ပေးလိုက်ပါ..
နောက်ထပ် ပုံတစ်ပုံကို ထပ်ကြည့်ပါဦးဗျာ....
အပေါ်ပုံထဲမှာ မြင်ရသလိုပဲ.. ရှေ့မှာတုန်းက ကျွန်တော်တို့ register လုပ်တော့ account mange ထဲက
ပေးထားတဲ့ data တွေကို ဖြည့်လိုက်ရအောင်ဗျာ.. ပုံထဲမှာ ကျွန်တော် ဖြည့်ထားသလိုပဲ ဖြည့်ပေးလိုက်ပါ...
ပြီးရင် အောက်က ပုံကို ဆက်ကြည့်ပါဦး...

yellopages ကို ကလစ်ပြီးတော့ ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့ နေရာတွေကိုပဲ ဦးစားပေး
ပြင်ဆင်ပါ...အမှန်ခြစ်ကို ဖြုတ်ပြီးရင် အောက်က Description မှာ သီချင်း လွှင့်ပေးမယ့် သူပေါ့ (ဒီဂျေနာမည်ပေါ့ဗျာ)
URL မှာ ကိုယ့်ရဲ့ online radio လင့်ခ် လေးပေါ့ဗျာ.... Genre မှာ တော့ ထည့်လည်း ဖြစ်တယ် မထည့်လည်း ဖြစ်ပါတယ်.... ကျွန်တော်က တော့ အဆင်ပြေတာ ထည့်ထားလိုက်တာ...ပဲ..
အဲ့ဒါလေးက ကိုယ့်ရဲ့ onlin radio nickname အတိုကောက်ထည့်ရမယ့် နေရာပါ...
အောက်က ပုံတစ်ခုကို ထပ်ကြည့်ပါဦးဗျာ..

Encoder ကို ကလစ်ပြီးတော့ အောက်က Encoder Type မှာ MP3 Encoder ကို ရွေးပေးလိုက်ပါ


အောက်က Encoder Settings ထဲမှာ 56kbps, 44,100kHz, Stereo ရွေးပေးလိုက်ပါ...
ခုလို ရွေးပေးတာက ကွန်နယ်ရှင်နဲ့လည်း သက်ဆိုင်တယ်ဗျာ့..
80 .... 96 ... တို့လောက် ရွေးပြီးတော့ ကွန်နယ်ရှင်က ကျနေရင် သီချင်းက ထစ်ပြီးတော့ ကောင်းကောင်း
အဆင်ပြေမှာ မဟုတ်ပါဘူး...
ကိုယ့်ကွန်နယ်ရှင် speed နဲ့ ချိန်ပြီးတော့ ရွေးလို့ ရပါတယ်...
နောက်ထပ် ပုံတစ်ခုကို ထပ်ကြည့်ပါဦး....


အပေါ်က ပုံလေးထဲမှာ ပြထားသလိုပဲ....Input ကို ကလစ်ပြီးတော့ အောက်က Input Device ကို
Line In Legacy mode လို့ ရွေးပေးပါ.... Input Settings ကိုတော့ 44100 Hz, Stereo ပဲ ထားပေးလိုက်ပါ
Choose Capture Device မှာတော့ Microphone(Legacy mode) ထားပေးပါ..
တကယ်လို့ သီချင်း လွှင့်ရင်း နဲ့ အနောင့်စ် လုပ်ချင်တယ် ဆိုရင် Music Level ကို မျှားပြထားသလို
နောက်ဘက်ကို နည်းနည်းလေး ဆွဲပြီးတော့ အောက်ဘက်ထောက်က lock ကို တစ်ချက်ကလစ်ပေးပါ..
အနောင့်စ်လုပ်မယ်ဆိုရင် push to talk ကို mouse နဲ့ ဖိ ထားပြီးတော့ အနောင့်စ်လုပ်ပေးနိုင်ပါတယ်...
ကဲ .. အားလုံးလည်း သိပြီ နားလည်ပြီ ဆိုရင်တော့...
အောက်က ပုံလေးကို ထပ်ကြည့်ပြီး ရေဒီယို လွှင့်ကြည့်ရအောင်ဗျာ...



connect ဆိုတဲ့ နေရာလေးကို ကလစ်ပေးလိုက်ပါ...
ပြီးရင် status ထဲက Not Connected နေရာလေးကို ကြည့်ပါ....
အောက်က ပုံလေးလို Not Connected ပျောက်ပြီး အောက်က ပုံလေးထဲမှာ အနီရောင်လေး 
နဲ့ ပြထားသလို ဖြစ်နေရင်တော့ ကျွန်တော်တို့ free online radio ကို လွှင့်လို့ ရပါပြီ... 


တကယ်လို့ status ထဲမှာ ပုံထဲမှ ပြထားသလို မပေါ်ပဲ.. reconnecting ဆိုပြီး ပြနေမယ် ဆိုရင်
ကျွန်တော်တို့ register လုပ်ထားတဲ့ account mange ထဲ ပြန်ဝင်ပါ...
ပြီးရင် ညာဘက် Action နေရာထဲက Start ဆိုတာကို ကလစ်ပေးလိုက်ပါ..
ပြီးရင် reconnecting ကို ပြန်ကြည့်လိုက်ပါ...
ပုံထဲက လို ဖြစ်သွားပါလိမ့်မယ်..
ပိတ်ထားချင်တယ် ဆိုရင်လည်း Start ဘေးက Stop ကို ကလစ်ပေးလိုက်ရုံပါပဲ..
အဆင်ပြေပါစေ..ဗျာ......
အားလုံးပဲ အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်.......
ခင်မင်စွာ ဖြင့် ...... 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment