ကိုလေးငယ်. Powered by Blogger.

Virtual Memory (RAM) ပမာဏ မလုံလောက်မှု ပြသနာ

Window 7 သုံးနေတဲ့ သူငယ်ချင်းတွေ အတွက်
Virtual Memory (RAM) ပမာဏ မလုံလောက်မှု ပြသနာကို
ဖြေရှင်းလို့ ရဖို့အတွက် ရည်ရွယ်ပြီး ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ..
သိနေတဲ့ သူများ အတွက်တော့ မဟုတ်ပါဘူး…. ခုမှ စတင်လေ့လာနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ..
ကွန်ပြူတာ တစ်လုံးမှာ ဆော့လ်ဝဲ run ပြီး သုံးလိုက်ရင်
စက်က memory မလုံလောက်လို့ စက်ဟမ်းသွားတာတို့ ဖွင့်မရတာတို့ ဖြစ်တတ်ပါတယ်..
အဲ့လို အဖြင့်မျိုးနဲ့ ကြုံတွေ့လာရင် window 7 သုံးနေတဲ့ သူငယ်ချင်းတွေ အတွက်

ဒီနည်းလေးနဲ့ ဖြေရှင်းလို့ ရပါတယ်…. Microsoft က Virtual Memory ဆိုတဲ့ function တစ်ခု အသုံးပြုလို့ ရအောင်
ပြုလုပ်ပေးထားပါတယ်..
အဲ့ဒီ နည်းလမ်းကို အသုံးပြုပြီး စက်ရဲ့ memory ပမာဏ ကို virtually အနေနဲ့ မြှင့်တင်ပေးကြည့်ရအောင် …
အောက်မှာ ပုံနဲ့ အတူ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်..
လေ့လာကြည့်ပါဗျာ..

အရင်ဆုံး  Window key+Pause/Break (or) Computer ကို Right Click ထောက်ပြီးတော့ Properties ကနေ
System Properties ကိုဝင်လိုက်ပါ
ပြီးရင် ပုံထဲမှာ အနီကွင်း ၀ိုင်းထားတဲ့ Advanced system settings ထဲ ကို ၀င်လိုက်ပါ
Picture
System properties box လေး ကျလာရင် Advanced ကို ကလစ်ပြီးတော့  Setting ထဲကို ဆက်ဝင်လိုက်ပါ
နောက်ထပ် ပေါ်လာတဲ့ Performance Options နာမည်နဲ့ box တစ်ခု ထပ်ကျလာရင်
Advanced ကို သွားပြီးတော့ Change စာလုံးလေးကို ကလစ်ပြီး ဆက်ဝင်လိုက်ပါဦး
Virtual Memory နာမည်နဲ့ ထပ်ကျလာတဲ့ box ထဲမှာ Automatically manage paging file size for all drives
ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေးကို မြင်ရရင် ဖြုတ်ပေးလိုက်ပါ
ဆက်ပြီးတော့ အောက်ဘက်မှာ Location Disk ( C: ) တစ်ချက် ကလစ်ပေးပါ
အောက်မှာ ရှိတဲ့ Custom size ကို ရွေးပေးပြီးတော့ အောက်က
Initial size (MB) နဲ့ Maximum size (MB) နေရာနှစ်ခုမှာ ကိုယ်လိုချင်သလောက်
memory ပမာဏကို ရိုက်ထည့်ပေးလိုက်ပါ
ပြီးရင် ဘေးထောင့်လေးမှာ ရှိတဲ့ set ကို ကလစ်ပေးပြီး
ok ပေးလိုက်ပါ
System properties နာမည်နဲ့ box လေး တခု ထပ်ကျလာပြီး
ကွန်ပြူတာကို restart ချဖို့ အတွက် ပြောပါလိမ့်မယ်..
ok ကို ကလစ်ပေးလိုက်ပါ..

အဆင့်တွေကို မှန်မှန်ကန်ကန်နဲ့ လုပ်ကြည့်ပြီးပြီ ဆိုရင်
သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာကို ပြန်သုံးကြည့်လိုက်ပါ.......
ခုလိုမျိုး မလုပ်ခင်က ဖြစ်ခဲ့တာတွေ မရှိတော့တာကို တွေ့ရပါလိမ့်မယ်..
အဆင်ပြေကြပါစေ......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment