ကိုလေးငယ်. Powered by Blogger.

Bitlocker နဲ့ Drive တွေကို lock ချကြည့်မယ် ....

Drive တွေ ကို ဆော့လ်ဝဲ မလိုပဲ လော့ခ်ချ ကြည့်ရအောင် ...
Window 7  သုံးတဲ့ သူတွေ အတွက်ပါပဲ... တခြား window သုံးတဲ့ သူတွေ အတွက်တော့ ဆော့လ်ဝဲ နဲ့ပဲ
လော့ခ်ချ ပေါ့ နော်....လွယ်လွယ်လေး ပါ ပဲ..
ကဲ စလိုက်ရအောင်ဗျာ......


အရင်ဆုံး လော့ခ်ချ ချင်တဲ့ drive ပေါ်ကို ရိုက်ကလစ်ထောက်လိုက်ဗျာ..
ပြီးရင် turn on Bitlocker ဆိုတာကို ကလစ်ပေးလိုက်ပါ .. အဆင်မပြေရင် အောက်က
ပုံလေးကို ကြည့်လိုက်ပါ ....


 အောက်က ပုံလေး အတိုင်း တက်လာပါလိမ့်မယ်... ခဏလေး စောင့်ပေးလိုက်ပါ...



 အပေါ်က ပုံမှာ ပြထားသလို password ဖြည့်ဖို့ တောင်းပါလိမ့်မယ်.....
ကိုယ် မှတ်လို့ အဆင်ပြေမယ့် password ကို ထည့်ပေးလိုက်ပါ..
နေရာ ၂ ခုလုံးမှာ password က အတူတူပဲ ပေးရမှာနော်......
ပြီးရင် next ကို ဆက်သွားမယ်ဗျာ...အောက်က ပုံကို ဆက်ပြီး ကြည့်ပါဦး...

ပုံထဲမှာ ပြ ထားသလို save the recovery key to a file ကို ကလစ်ပေးလိုက်ပါ...
save လုပ်ချင်တဲ့ နေရာ ရွေးပြီးတော့ save ပေးလိုက်ပါ..
အဲ့ဒီ save ထားတဲ့ ဖိုင်ကို သိမ်းထားရမှာပါ..
password မေ့သွားခဲ့ရင် အဲ့ဒီ ထဲက recovery key က ဖွင့်ပေးပါလိမ့်မယ်....
save လုပ်ပြီးရင် next ကို သွားလိုက်ဗျာ.. အောက်က ပုံလေးကို မြင်နေရပါလိမ့်မယ်..
စပြီးတော့ လော့ခ်ချ နေပါပြီ........... စောင့်ပေးရမှာပါ..... drive size ကြီးရင် ကြီးသလို နည်းနည်း လေး ကြာပါလိမ့်မယ်... အောက်က ပုံလေးကို ဆက်ကြည့်ပေးပါ...

ပုံထဲမှာ လို complete ဖြစ်သွားရင် close ကို ကလစ်ပြီး ပိတ်လိုက်ဗျာ..
ပြီးရင် ကိုယ် လော့ဒ်ချ လိုက်တဲ့ drive ကို ပြန်ကြည့်လိုက်ဗျာ....
အောက်က ပုံလေးလို ဖြစ်နေပါလိမ့်မယ်...

ပြန်ဖွင့်မယ် ဆိုရင် ကိုယ်ထည့်ပေးထားတဲ့ password ကို ရိုက်ထည့်ပြီး ဖွင့်လို့ ရပါပြီ.....
အဆင်ပြေပါစေ ဗျာ....

memory stick နဲ့ SD card တွေကို လည်း ခုလိုပဲ လော့ခ်ချလို့ ရပါတယ်....
အဲ့လို လော့ခ်ချလိုက်တာ ဟာ တချိန်ချိန် ကိုယ့်ရဲ့ stick / SD card ပျောက်ဆုံးသွားတာပဲ ဖြစ်ဖြစ်
အထဲမှာ ပါသွားတဲ့ ပုံတွေ အရေးကြီး data တွေကို ကောက်ရတဲ့ သူက ဖွင့်ကြည့်လို့ မရတော့ပါဘူး..
ပြန်သုံးချင်တယ် ဆိုရင်လည်း format ချ ပြီးမှ သုံးလို့ ရပါလိမ့်မယ်.....
ဒါတောင် window 7 မှာပဲ ပြန်ပြီး format ချ ရမှာပါ.......
အဆင်ပြေပါစေ....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment