ကိုလေးငယ်. Powered by Blogger.

Hard Disk Drives ကို ဖျောက်ပြီး လော့ခ် ချ နည်း

Hard disk Drives တွေကို တခြား User တွေ မမြင်အောင် ဖျောက်ထားပြီး လော့ခ် ချ ကြည့်ရအောင်ဗျာ..
အပေါ် ပုံမှာ မြင်ရသလို Start ------> Run ( or ) Window Start + R ကို တွဲနှိပ်ပြီးတော့ Run ဘောက်ကို ခေါ်လိုက်ပါဗျာ..
ပြီးရင် gpedit.msc လို့ ရေးပြီး Enter ခေါက်လိုက်ဗျာ...
ဆက်ပြီးတော့ အောက်က ပုံလေးကို ဆက်ပြီး ကြည့်ပေးပါ....




Group Policy ပရိုဂရမ် ဘောက်လေး ကျလာပါမယ်... User Configuration ထဲက
Administrative Templates ကလစ်ပြီးတော့ Windows Components ထဲ ၀င်လိုက်ပါ...
ပြီးရင် Windows Explorer ကို ကလစ်ပြီးတော့ ညာဘက် ဘေးက အကွက်ထဲမှာ 
Hide these specified drives in My Computer  ရှာပြီးတော့ Double ကလစ် နှစ်ချက် နှိပ်ပြီးတော့ 
setting ထဲက Enable ကို double ကလစ် တစ်ချက် ထပ်ကလစ်ပြီးတော့ အောက်က
  Pick one of the following combinations ရဲ့ အောက်က အကွက်လေးမှာ ကိုယ် ဖျောက်ချင်တဲ့ Drive ကို 
ရွေးပေးလိုက်ပါ..... ပြီးရင် Apply .. ok ပေါ့ဗျာ....အပေါ်က ပုံထဲမှာ ၀င်ရမယ့် နေရာတွေကို 
မှင်နီ နဲ့ ကွင်း ခတ်ထားပြီး တဆင့်ပြီး တဆင့် ဆက်သွားဖို့ အတွက် မျှား အနီနဲ့ လည်း ဆက်ပြပေးထားပါတယ်...
နောက်ထပ် ပုံမှာလည်း ဆက်ကြည့်လိုက်ပါဦး....


Prevent access to drives from My Computer    ကို ထပ်ပြီး ရှာပါ...... ခုနက လိုပဲ Double ကလစ်
နှစ်ချက် နှိပ်ပြီးတော့ Enable ပေး.... အောက်က  Pick one of the following combinations နေရာမှာ ခုနက ဖျောက်ထားလိုက်တဲ့ Drive ကို ရွေးပေးပြီးတော့ Apply ...... ok ပေးလိုက်ပါ....
ပြီးရင် စက်ကို restart ခဏ ချပြီးရင် ပြန်တက်လာတဲ့ အခါ ကိုယ်ပိတ်လိုက်တဲ့ Drive တွေ ကို My Computer မှာ ၀င်ပြီးတော့ ကြည့်လိုက်ပါ...
ပျောက်နေပြီးတော့ လော့ခ် ချ ပြီးသား ဖြစ်နေပါလိမ့်မယ်...
အဆင်ပြေပါစေ.........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment