ကိုလေးငယ်. Powered by Blogger.

Games install လုပ်နည်းလေး


ကျွန်တော် တင်ထားတဲ့ ဂိမ်းတွေက Install လုပ်တဲ့ အခါ မသိသေးရင် နည်းနည်း ရှုပ်ပါလိမ့်မယ်....
သိသွားရင်လည်း အရမ်းလွယ်ပါတယ်... ကျွန်တော်တင်ထားတဲ့ ဂိမ်းတွေက တခုမှလည်း install လုပ်လို့
မရဘူးဖြစ်နေမှာ စိုးလို့ install လုပ်နည်းလေးကို တခါထဲ တင်ပေးလိုက်ပါတယ်....

အပေါ်က ပုံထဲမှာ မြင်နေရသလို ဘာရေးထားမှန်း မသိတဲ့ font တွေ ကို မြင်ရပါလိမ့်မယ်...
အနီရောင် နဲ့ အကွက်ပြထားတဲ့ (N) ပုံစံပါတဲ့ နေရာလေးကို ကလစ်ပေးလိုက်ပါ
 ပြီးရင် ဒီ setup ဖိုင်လေး ကို ကိုယ် install လုပ်ချင်တဲ့ နေရာ ရွေးပေးပါ ...
auto မရွေးဘူး.. ကိုယ်က မရွေးပေးပဲ ဆက်ပြီး install လုပ်ပေးလိုက်ရင် သူက setup ဖိုင် ရှိတဲ့
နေရာမှာပဲ install ပြန်လုပ်တာဗျာ .... အဲ့ဒါကြောင့် မဖြစ်မနေ ရွေးပေးရပါမယ် ...
အပေါ်က ပုံထဲမှာ မြင်ရမှာပါ.... ကျွန်တော် ရွေးပြီး နေရာ ချပေးထားတာ....
မှားမှာ စိုးလို့ နံပါတ်တွေ တပ်ပေးထားပါတယ်...
ပုံကြည့်ပြီးသာ ဆက်လုပ်လိုက်ပေါ့...
ပြီးရင် အောက်က ပုံကို ဆက်ကြည့်ပေးပါ .....
(I) ပုံစံ နဲ့ ကျွန်တော် အနီရောင် ပြထားတာကို ဆက်ပြီး ကလစ်ပေးလိုက်ပါ ...
နောက်ထပ် ပုံတစ်ပုံကို ထပ်ကြည့်ပါဦး ...
install လုပ်နေပါပြီ... ခဏလေး စောင့်ပေးလိုက်ပါ...
finish လို့ ရေးထားတာလား တော့ မသိဘူး... ဘာဖောင့်မှန်း မသိတာတော့ သေချာတယ်...
ကျွန်တော် မျှားပြထားတဲ့ အမှန်ခြစ်လေးတွေကို ပုံထဲမှာ ရေးထားပေးသလိုပဲ
ဖြုတ်ပစ်ပြီးတော့ အနီရောင် နဲ့ ပြထားတဲ့ နေရာကို ကလစ်ပေးလိုက်ပါ ...
install လုပ်ပြီးလို့ ကစားလို့ ရပြီလို့ မထင်လိုက်နဲ့..
မရသေးဝူး ဗျာ့ .... ခရက်တွေ ကီးတွေ မလိုပေမယ့် ဒီကောင် က ခရက်တွေ ကီးတွေနဲ့တော့
သိပ်မကွာလောက်ဘူး ထင်တယ်...
အောက်က ပုံကို ဆက်ကြည့်ပေးပါ ....
 desktop မှာ ပေါ်နေတဲ့ ဂိမ်းရဲ့ shortcut ကို ရိုက်ကလစ်ထောက်ပြီးတော့ properties ၀င်ပေးပါ
အပေါ်ပုံထဲက လို Find Target ကို ဆက်ပြီး ကလစ်ပေးလိုက်ပါ...

installation လုပ်ထားတဲ့ directory folder ရှိတဲ့ နေရာကို ရောက်သွားရင် အနီကွင်း ၀ိုင်းထားတဲ့
icon နဲ့ exe ဆိုပြီး နှစ်ခု ရှိပါလိမ့်မယ်... အနီးကွင်း ၀ိုင်းထားတဲ့ exe ဖိုင်လေး ကို ရိုက်ကလစ်ထောက်ပြီးတော့ send to ကို ထောက်ပြီးတော့ desktop (create shortcut)
ကို ကလစ်ပေးလိုက်ပါ ...
 directory folder ကို  ပိတ်ပြီးတော့ ခုနက ဖွင့်ထားတဲ့ properties ကို ok ပေးပြီး ပိတ်ပေးလိုက်ပါ
အပေါ်က ပုံမှာ မြင်ရမှာပါ...
install လုပ်တုန်းက ပေါ်လာတဲ့ shortcut icon ကို ဖျက်ပစ်လိုက်ပါ...
ခုနက ကျွန်တော် တို့ create လုပ်လိုက်တဲ့ shortcut ကို sniper 4 ဆိုပြီး rename ပြန်ပေးလိုက်ပါ
ok ပြီဗျာ...
အဲ့ဒီ icon ကိုပဲ ကလစ်ပြီးတော့ sniper 4 ဂိမ်းကို mission တွေ အကုန် ကစားလို့ ရပါပြီ.......

ကျွန်တော် blog ကနေ တင်သမျှ ဂိမ်းတွေက ဒီအတိုင်းပဲ install လုပ်တဲ့ အခါမှာ အတူတူပါပဲ..
နောက်ဆုံး ဒီအဆင့်ထိ အကုန် အတူတူပဲ လုပ်ရပါလိမ့်မယ်ဗျာ...
ခု တင်ထားတဲ့ game install လုပ်နည်းလေးကို နားလည်ပြီး လုပ်တတ်ပြီ ဆိုရင်
ကျွန်တော့် ဆိုက်က တင်ထားတဲ့ ဂိမ်းမှန်သမျှ ကို အေးအေး install လုပ်ပြီး ကောင်းကောင်း မွန်မွန်
ကစားလို့ ရပါပြီဗျာ..

အဆင်ပြေကြပါစေ.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment