ကိုလေးငယ်. Powered by Blogger.

Window default fonts တွေကို ပြောင်းကြည့်မယ်

ဝင်းဒိုး default ရဲ့ ဖောင့်တွေ မျက်လုံး ထဲမှာ ရိုးရှင်းနေတယ် ဆိုရင် ပြောင်းကြည့်ကြမယ်ဗျာ...
ဥပမာ ... မြန်မာ ယူနီကုတ် 3 ကို ပြောင်းချင်တယ် ပေါ့ဗျာ.........
ဘယ်လို ပြောင်းရမလဲ..........
ဘယ်လောက် ခက်ခဲနေမလဲ........
ကိုယ်တိုင် သိချင်ရင် အောက်က ပုံတွေ နဲ့ ရှင်းပြထားတာလေးကို ကြည့်ပြီး ကလိကြည့်ပေါ့ဗျာ.........
ဒီအောက် က ပုံလေးက ကျွန်တော် ယူနီကုတ် 3 ကို မပြောင်းခင် ကျွန်တော့် Window
Icon text လေးတွေရဲ့ ပုံပါ.......

  ဆက်ပြီး ကြည့်ရအောင်ဗျာ........
အရင်ဆုံး window desktop screen ကို right click ထောက်ပြီး
properties ထဲ ၀င်လိုက်ဗျာ......

Display Properties box လေး တက်လာပါလိမ့်မယ်......
အဲ့ဒီ ထဲက Appearance ကို ကလစ်ပြီးတော့
Advanced  ထဲ ဆက်ဝင်လိုက်ပါဦး....
သိပ် မရှင်း ရင် အောက်က ပုံလေး ကို ကြည့်လိုက်ပါဗျာ....


Advanced Appearance box လေး တက်လာရင် ပုံထဲမှာ မြင်နေရတဲ့ Item နေရာမှာ
ပုံထဲမှာ ပြထားတဲ့ အတိုင်း  Active Title Bar ကို select ပေးလိုက်ပါ
အောက်က font နေရာမှာ myanmar 3 font ကို select ပေးပြီး
ok ပေးလိုက်ပါ.........



အောက်က ပုံလေးကို ဆက်ကြည့်ပါဦးဗျာ.....
ခုနက ပုံစံ အတိုင်း နောက်ထပ် ပြောင်းပေးရမယ့် selection လေးတွေကို
အောက်က ပုံလေးထဲမှာ အပြာရောင်လေးနဲ့ ပေးထားပါတယ်........
ဆက်လုပ်ကြည့်လိုက်ပါဗျာ ......

 selection တွေကို ပြောင်းပြီးသွားရင်  အောက်က ပုံလေးမှာ ပြထားတဲ အတိုင်း Apply လုပ်ပေးလိုက်ဗျာ.....
Window font တွေ ပြောင်းသွားပါလိမ့်မယ်....
ပြီးရင် ok ပေးပြီး ထွက်လိုက်လို့ ရပါပြီ....

 ကဲ ဒီအောက်က ပုံကတော့ ကျွန်တော် ဖောင့်တွေ ပြောင်းပြီးသွားလို့ မြင်နေရတဲ့
ကျွန်တော့် ရဲ့ Desktop screen ပါ.......
တခြား ဖောင့်တွေ နဲ့လည်း ဒီနည်း အတိုင်း ပြောင်းလို့ ရပါတယ်..
အဆင်ပြေပါစေဗျာ.......


 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment