ကိုလေးငယ်. Powered by Blogger.

နာကျင်လွန်းလို့



''နာကျင်လွန်းလို့''


အမှောင်ကို ခြုံလွမ်း
တိတ်ဆိတ်ခြင်းကို အဖော်ပြု
အထီးကျန်ခြင်းနဲ့ မိတ်ဆွေဖွဲ့
ခြောက်ကပ်ကပ် အိပ်မက်တခုကို ဖန်တီး
ရက်စက်ခြင်းနဲ့ ပုခုံးဖက်ပေါင်းနေတဲ့
ညတစ်ခုရေ.....
ငါ့ ချစ်သူနဲ့ အရမ်းတူနေပါလား


 အေးစက်စက်
ဝေခွဲမရတဲ့ အပြုံးထက်က
မာယာလူးထားတဲ့ နုတ်ခမ်းနဲ့ အတူ
ခန့်မှန်းရခက်တဲ့ လေသံနဲ့
အဆိပ်လူးထားတဲ့ အချစ်အတုတွေကို
ငါ့ အပေါ်မှာ ဖုံးအုပ်
ရင့်ကျက်ခြင်း ခွန်အားနဲ့
အနိုင်ယူသွားတဲ့ ချစ်သူရေ....
ငါ့ ကို အရမ်းနာကျင်စေချင်တာလား


ရူးမတတ်ပဲ
စိတ်တွေ လေ
အိပ်ချိန်တွေ နည်း
မူးပဲ မူးနေလိုက်ချင်တယ်
တိတ်ဆိတ်တဲ့ ညကို မုန်းသလို
ငါ့အပေါ်မှာ အေးစက်နိုင်တဲ့ နင့်ကိုလည်း မုန်းချင်တယ်
ပြေးထွက်လို့ မရတဲ့ နင့်မျက်ဝန်းအောက်
ရုန်းလို့ မရတဲ့ အချစ်စိတ်တွေကြောင့်
အထပ်ထပ် အခါခါ ကျရှုံးရင်း
အကြိမ်ကြိမ်အခါခါ လဲပြိုမိခိုက်
တစစ်စစ် နဲ့ မြည်းတမ်းနေတာက
ငါ့နှလုံးသားထက်
အချစ်ဆိပ်တက်
သေလို့ ရရင် သေလိုက်ချင်ရဲ့
နေမထွက်ခင်ပေါ့ .....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment