ကိုလေးငယ်. Powered by Blogger.

Gtalk မှာ မြန်မာလို ရိုက်မရရင်


PC ထဲမှာ ဇော်ဂျီဖောင့် ထည့်ထားပြီးတော့ မြန်မာလို ရိုက်မရတဲ့ သူတွေ အတွက်ပါ...
လွယ်ပါတယ်....
ပုံထဲက အတိုင်း စမ်ပြီး လုပ်ကြည့်ရအောင်...

Gtalk မှာ မြန်မာလို မြင်ရပြီး ရိုက်မရတဲ့ ပြသနာ ရော ရိုက်လို့ ရပြီး Enter ခေါက်လိုက်တဲ့ အခါ အတုံးအတုံးတွေ ဖြစ်ပြီး မြန်မာလို မပေါ်တာရော အဆင်ပြေအောင် လုပ်ကြည့်မယ်ဗျာ...
အရင်ဆုံး IE (internet explorer) ကို ဖွင့်လိုက်ပါ....
Menu bar မှာ ရှိတဲ့ tools ကို double ကလစ် ထောက်ပြီး အောက်ဆုံးက Internet Options ထဲ ကို ၀င်လိုက်ပါ
အောက်က ပုံကို ကြည့်ရင် အဆင်ပြေမှာပါ....


ပြီးရင် Internet Options နာမည်နဲ့ ထပ်တက်လာမယ့် Program ထဲမှာ General ကို ၀င်ပြီး
Fonts ကို ရှာပါ... Fonts ကို ကလစ်ပြီးတော့ ထပ်တက်လာတဲ့ Fonts နာမည်နဲ့ Program ထဲမှာ
Web page font: ထဲမှာ Zawgyi-one ကို ရှာပါ .... select ပေးပြီးတော့ ok လုပ်ပေးလိုက်ပါ..
ပြီးရင် Internet Options နာမည်နဲ့ Program နေရာမှာလည်း Apply ... Ok ပေါ့ဗျာ...
အားလုံးပြီးရင် Gtalk ကို ပြန်ဖွင့်ကြည့်လိုက်ပေါ့ .... အားလုံး အိုခေ သွားပါလိမ့်မယ်...
အော် မေ့လို့.... Web page font  နေရာမှာ Zawgyi one ကို ရှာ မတွေ့ရင် PC ထဲမှာ ထည့်ထားတဲ့
Zawgyi-one font ကီးဘုတ် အတွက် မဟုတ်လို့ပါ...
တကယ်လို့ ဇော်ဂျီ ကီးဘုတ် မရှိရင် အောက်က လင့်ခ်မှာ ဒေါင်းလော့ဒ် ဆွဲသွားလိုက်ပါ...
အဆင်ပြေပါစေ....


Download Here

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment