ကိုလေးငယ်. Powered by Blogger.

မညီမညာတွန့်ခေါက်နေသောကောက်ကြောင်းပုံပေါ်တွင်စာရေးနည်း

၁။ အသုံးပြုမည့်ပုံတစ်ပုံအားအရင်ဖွင့်ပါ။

 ၂။ Channels palette ကိုဖွင့်၍ ပုံပါအတိုင်း Red Channel ကိုရွေးပါ။ ၄င်း Red Channel ပေါ်တွင် right-click နှိပ်၍ Duplicate Channel ကိုရွေးပါကပုံပါအတိုင်း Duplicate Channel dialog box ပေါ်လာပါမည်။
Duplicate Channel dialog box ရှိ Document နေရာတွင် New ကိုရွေး၍ Name နေရာတွင်ကိုယ်ကြိုက်ရာအမည်ပေး၍ OK နှိပ်ပါ။ ထို့နောက် File အောက်က Save ဖြင့် နေရာတစ်နေရာတွင် Photoshop(*.PSD;*.PDD) Format ဖြင့်သိမ်းဆည်းပါ။ ထို့နောက် File ထဲက Close သို့မဟုတ် Ctrl+W နှိပ်၍ ၄င်းဖိုင်အားပိတ်လိုက်ပါ။


 ၃။ Type tool ကိုယူ၍ နှစ်သက်ရာစာတစ်ကြောင်းရိုက်ပါ။

 ၄။ ထို့နောက် Filter>Distort>Displace ကိုရွေးပါ။ ပုံပါအတိုင်း type ကို rasterized လုပ်မလားမေးရင် OK နှိပ်ပါ။ Displace dialog box ပေါ်လာသောအခါ ပုံပါအတိုင်းတန်ဖိုးများထည့်၍ OK နှိပ်ပါ။ Choose a displacement map dialog box ပေါ်လာသောအခါ အထက်တွင်သိမ်းခဲ့သော PSD ဖိုင်အားရွေးပေးပါ။




 ပြီးရင်တော့ ပုံပါအတိုင်း Text ကိုတွေ့မြင်နိုင်ပါတယ်။ အကယ်၍ text ပုံစံအနေအထား စိတ်တိုင်းမကြလျှင် Ctrl+Z နှိပ်၍အထက်ပါအတိုင်း Displace dialog box ပေါ်လာသောအခါ Horizontal Scale နှင့် Vertical Scale တန်ဖိုးပြောင်းထည့်ကြည့်ပါ။


 ၅။ Background Layer ကို Copy ကူး၍ Text layer ပေါ်တွင်ထားပါ။

 ၆။ ၄င်း Background layer copy ရဲ့ ဘေးတွင် Double-click နှိပ်၍ Layer Style ကိုဖွင့်ပါ။ ထို့နောက် Blend It တွင် Red ကိုရွေး၍ This Layer ရှိအဖြူရောင် အတုံးလေးအား အတွင်းဘက်သို့ဆွဲပေးပါ။ ပုံပေါ်တွင်စာပေါ်လာသောအခါ ၄င်းအဖြူရောင် Slide တုံးလေးပေါ်တွင် Alt ဖိ၍ညာဘက်သို့ဆွဲပေးပါက ၄င်း Slide တုံးလေးတစ်ဝက်ခွဲ၍ ထွက်လာပါလိမ့်မည်။ ထို့နောက် ပုံပေါ်တွင် လိုအပ်သော အလင်းအမှောင် ရသည်အထိ ချိန်ညှိပေးပါ။


အဆင်ပြေကြပါစေဗျာ...
အောက်မှာ မူရင်း video file ကို ဒေါင်းလော့ဒ် ဆွဲပြီး ကြည့်လို့ ရပါတယ်ဗျာ...

http://www.4shared.com/file/216074438/4ad48558/Displacing_type_around_contour.html


Refresh by ..... မြန်မာ ပိုတိုရှော့ နှင့် ဂရပ်ဖစ် ဒီဇိုင်း အဖွဲ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment