ကိုလေးငယ်. Powered by Blogger.

Photoshop ဖြင့်ကိုယ်ပိုင် Brush ပြုလုပ်နည်း နှင့် အသုံးပြုပုံ

အဆင့်(၁)...အရင်ဆုံးကိုယ်ပိုင် Brush တစ်ခုပြုလုပ်ကြရအောင်။

၁။ Brush ပြုလုပ်မည့်ပုံကိုအရင်ဖွင့်ပါ။

၂။ Brush လုပ်မည့်အပိုင်းကို Crop Tool ဖြင့်ရွေးချယ်ဖြတ်ထုတ်ပါ။
၃။ Image » Adjustments » Desaturate ကိုရွေးပါ။

၎။ Image » Adjustments » Level (Ctrl+L) ကိုနှိပ်ပါ။ ပုံပါအတိုင်းအဖြူအမဲကွဲအောင်ချိန်ညှိပေးပါ။

၅။ မလိုချင်သောအပိုင်းကို Brush Tool (100% White colour)ဖြင့်ဖျတ်ပါ။    (အဖြုရောင်သည်Brushလုပ်သောအခါမမြင်ရသောအပိုင်းဖြစ်သည်။)

၆။ Edit » Define Brush Preset... ကိုနှိပ်ပါ။ Brush Name ပေး၍ OK နှိပ်ပါ။

၇။ Brush Tool (B) ကိုရွေး၍ Right-Click နှိပ်ပါ။ ပုံပါအတိုင် သင်ပြုလုပ်ခဲ့သော Brush ကိုတွေမြင်နိုင်ပါသည်။
(အထက်ပါနည်းအတိုင်း ဓါတ်ပုံများ၊Logo များ၊Sign များစသည်ဖြင့် မိမိနှစ်သက်ရာကိုယ်ပိုင် Brush ပြုလုပ်နိုင်ပါသည်။
နမူနာအဖြစ်ဝတ်မှုန်ရွှေရည် brush ပြုလုပ်ထားပုံကို အောက်ဆုံးမှာဖော်ပြပေးထားပါတယ်)
*File Size ကြီးနေလျှင် Define Brush Preset... မပေါ်ပဲမှိန်နေမည်*

အဆင့်(၂)...


၈။ File အသစ်တစ်ခုဖွင့်ပါ။ File » New...(Ctrl+N)/( With:1280 pixels x Height:1024 x Resolution 300)

၉။ Foreground Color ကိုအောင်ပါအတိုင်းရိုက်ထည့်ပြီး Alt+Backspace နှိပ်၍အရောင်ဖြည့်ပါ။ (R:80 G:60 B:0)
၁၀။ Layer » Duplicate Layer... နှိပ်၍ Layer copy ပွားပါ။ပြီးရင် Toolbox က Background Color ကို Click နှိပ်၍အောက်ပါတန်ဖိုးရိုက်ထည့်ပါ။ (R:135 G:95 B:0)
၁၁။ Filter » Render » Fibers...ကိုနှိပ်၍ပုံပါတန်ဖိုးအတိုင်းထားပြီး OK နှိပ်ပါ။
၁၂။ Edit » Free Transform...(Ctrl+T) နှိပ်ပါ။ Alt နှင့် Shift key နှစ်ခုကိုနှိပ်ထား၍ ပုံ၏ထောင့်အစွန်းမှ အလယ်သို့ ပုံပါအတိုင်းဆွဲချုံ့ပေးပါ။ ထို့နောက် ၎င်း Layer ကို copy ပွားပါ။ Layer Palette ရှိ Blending Mode ကို Hard Light ထားပါ။

၁၃။ Layer » Merge Down...(Ctrl+E) နှိပ်၍ Layer နှစ်ခုပေါင်းပါ။

၁၄။ Eraser Tool (E) ကိုယူပါ။ Right Click နှိပ်၍ BrushName 32 ကိုရွေးပါ။ထို့နောက်ပုံပါအတိုင်း မိမိစိတ်ကြိုက်ဖြတ်ယူပုံဖော်ပါ။
(Brush Size အကြီးအသေးကို Keyboard ခလုတ် လေးထောင့်ကွင်း ( [ နှင့် ] )  ဖြင့်ပြောင်းနိုင်သည်။)

၁၅။ Toolbox မှ Burn tool ကိုယူပါ။ ထို့နောက်ဖြတ်ထားသောအနားများနှင့်မျက်နှာပြင်တစ်ချို့ကို Burn tool ဖြင့်ဆွဲပေးပါ။

 ၁၆။ Layer » New » Layer...(Shift+Ctrl+N) နှိပ်၍ Layer အသစ်တစ်ခုလုပ်ပါ။ Brush Tool(B) ယူပါ။ Right-Click နှိပ်၍ အဆင့်(၁) တွင်ပြုလုပ်ခဲသော Brush ကိုယူပါ။ Foreground Color ကို (R:255,G:255,B:0) ထား၍ပုံပေါ်တွင် သင့်လျော်သော Brush size အနေအထားပြောင်းပြီး Click တစ်ချက်နှိပ်ချလိုက်ပါ။
 ၁၇။ Layer palette ရှိ ၎င်း Layer ၏ဘေးနေရာလွတ်တွင် Double-Click နှိပ်၍ Layer Style ကိုဖွင့်ပါ။ ထို့နောက်ပုံပါအတိုင်း အရောင်များတန်ဖိုးများပြောင်းပါ။


 ၁၈။ ၎င်း Layer ပေါ်တွင် Right-Click နှိပ်၍ Copy Layer Style ကိုရွေးပါ။ နောက် Layer အသစ်(Shift+Ctrl+N)တစ်ခုခေါ်ပါ။ Right-Click နှိပ်ပြီး Paste Layer Style ကိုနှိပ်ပါ။

 ၁၉။ Brush tool ကိုရွေး၍ မိမိစိတ်ကြိုက် Brush ဖြင့်အနားဘောင်ဆွဲနိုင်သည်။ ယခုပုံတွင် ကျွန်တော် Brush no 74 ကိုသုံးထားပါတယ်။

အဆင်ပြေကြပါစေဗျာ....


Refresh by .... မြန်မာပိုတိုရှော့ နှင့် ဂရပ်ဖစ် ဒီဇိုင်း အဖွဲ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment